ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဆက်လက်ဖြေဆို

ပုသိမ် မတ် ၁၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၅၈၁) ဦးရှိကာ ဖြေဆိုမှု (၉၆.၅) ရာခိုင်နှုန်း၊ ဘိုကလေးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၈၈) ဦးရှိပြီး ဖြေဆိုမှု (၉၇.၇) ရာခိုင်နှုန်း၊ ဝါးခယ်မမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၉၅) ဦးရှိပြီး ဖြေဆိုမှု (၉၄.၉) ရာခိုင်နှုန်း၊ ကျောင်းကုန်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၉၇၀) ဦးရှိပြီး ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ကျုံပျော် မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၂) ဦးရှိပြီး ဖြေဆိုမှု (၉၄.၅) ရာခိုင်နှုန်း၊ လပွတ္တာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၃၂) ဦးရှိပြီး ဖြေဆိုမှု (၉၇)ရာခိုင်နှုန်း၊ ဖျာပုံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၈၁၆) ဦးရှိပြီး ဖြေဆိုမှု (၉၆) ရာခိုင်နှုန်း၊ ဒေးဒရဲမြို့နယ်တွင် ဖြေဆိုသူဦးရေ စုစုပေါင်း (၄၄၁) ဦးရှိပြီး ဖြေဆိုမှု (၉၈) ရာခိုင်နှုန်း၊ ပန်းတနော်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၃) ဦးရှိပြီး ဖြေဆိုမှု (၉၄) ရာခိုင်နှုန်း၊ ဓနုဖြူမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၂၂)ဦးရှိပြီး ဖြေဆိုမှု (၉၄) ရာခိုင်နှုန်း၊ညောင်တုန်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၀၃) ဦးရှိပြီး ဖြေဆိုမှု (၉၂) ရာခိုင်နှုန်း၊ ရေကြည်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၈)ဦးရှိပြီး ဖြေဆိုမှု (၉၄.၇) ရာခိုင်နှုန်း၊ ငပုတော မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၀၉) ဦးရှိပြီး ဖြေဆိုမှု (၉၃.၈) ရာခိုင်နှုန်း၊ ကန်ကြီးထောင့် မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၀၁) ဦးရှိပြီး ဖြေဆိုမှု (၉၅) ရာခိုင်နှုန်း၊ မြန်အောင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၄၂) ဦးရှိပြီး ဖြေဆိုမှု (၉၂.၈) ရာခိုင်နှုန်း၊ ဇလွန်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၄၉၅) ဦးရှိပြီး ဖြေဆိုမှု (၉၃.၉) ရာခိုင်နှုန်း၊ သာပေါင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၄) ဦးရှိပြီး ဖြေဆိုမှု (၉၅) ရာခိုင်နှုန်း၊ ချောင်းသာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၈) ဦး၊ ငွေဆောင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၄) ဦးရှိပြီး ဖြေဆိုမှု (၈၉.၉) ရာခိုင်နှုန်းဖြင့် အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။