ကော့သောင်း မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများကို အားဖြည့်အချိုရည်၊ ရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)