အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်သည် မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 13,2024
နိုင်ငံ၏ လူသားအရင်းအမြစ်ဖြစ်‌သည့် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်တွင် မိခင်ဝိုင်းများ၌ စနစ်တကျ ပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု၊ ဆင်နှစ်ကောင်ကျေးရွာ အလယ်တန်းကျောင်းတွင် မိခင်ဝိုင်းများ အတွက် မိဘအသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က စတင်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေး ဆရာ ​လွင်သူဦး၏ “တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ ကွင်းအမှတ် (၁၈၄၂)၊ ဦးပိုင် အမှတ် (၄၅/၂)တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၈) ဧက စံပြကွက် စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။
Mar 13,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ (Research & Development) တွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ သုတေသနပညာရပ်၏ အခြေခံသဘောတရားများကို အကျွမ်းတဝင်သိရှိစေရန်၊ သုတေသနပြု ရာတွင် ခိုင်မာသည့်အချက်အလက်များအား စိစစ်ရွေးချယ်တတ်စေရန်နှင့် သုတေသနစာတမ်းတစ်စောင်အား ပုံစံတကျရေးတတ်စေရန် ရည်ရွယ်၍ သုတေသနစာတမ်းရေးသားနည်းသင်တန်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဆရာတော်၊ သံဃာတော်ကြီးများ ကြီးမှူး၍ (၄၄)ကြိမ်မြောက်သော ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီးအား မတ်လ(၁၀)ရက် နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်လျက်ရှိရာ စတုတ္ထနေ့စာမေးပွဲအား မွန်းတည့်(၁၂)နာရီအချိန်တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။
Mar 13,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမြင့်ဟန်သည် သံတွဲမြို့သို့ရောက်ရှိပြီး သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြတ်ဦး၊ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြတ်သူတို့နှင့်အတူ ယမန်နေ့က သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။