စစ်ကိုင်းမြို့တွင် ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်း မတ် ၁၃

စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ငွေ များပေးအပ်ခြင်း အခမ်းအနားကို မတ် (၁၃) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ရာမှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ က‌လေးသူငယ်များ၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများရဲ့ အခွင့်အရေးများကို မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျကျန်ခဲ့ခြင်းမရှိစေဘဲ ယခုထက်မက ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် စစ်ကိုင်းခရိုင် ဆားတောင်မြို့ ညောင်ငုတ်တိုရပ်ကွက်မှ စစ်ကိုင်းမြို့ လေးကျွန်းမြေအုဌ်ကျောင်းတွင် ပြောင်းရွေ့ဖွင့်လှစ်ထားသော မေတ္တာရိပ်ပရဟိတရှိ ထိခိုက်လွယ်အုပ်စုဝင် အသက် (၅) နှစ်အောက်ကလေး (၆၇) ဦး၊ အသက် (၇၀) နှစ်နှင့်အထက် အဘိုး/ အဘွား (၂၃) ဦး၊ စုစုပေါင်း (၉၀) ဦးတို့အားတစ်ဦးလျင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ်နှစ်ဆယ့် ခုနှစ်သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)