ကျောက်ပန်းတောင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံ့ပင်ကျေးရွာအုပ်စု လက်ပံ့ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်၌ မတ်လ ၁၂ရက် မွန်းလွဲ ၂ နာရီ ၁၅မိနစ်အချိန်က ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်းရေးမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီမှ ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်သော်လည်း လိုင်းပေါ်တွင်တွေ့နေရာသော ကောလဟလများကို မယုံကြည်စေရန်နှင့် စိုးရိမ်မှုမလိုအပ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်ပါ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ အမျိုးသားရေးတာဝန်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များကို အသေးစိတ်ရှင်းလင်းဟောပြောပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ သိရှိလိုသောမေးမြန်းချက်များကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ပံ့ပင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖအင်အား စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
PWA