ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ညောင်လေးပင် မတ် ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက (ချစ်နိုင်)စိတ်ပညာရေးသားထားသော ခေါင်းဆောင်မှုလျှို့၀ှက်ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နီနီ၀င်းက စာဖတ်၀ိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားရာတွင် တစ်ဦးနှင့်တစ်ဦးအမြင်ချင်းဖလှယ်ခြင်း၊ စာအုပ်များဖတ်ရသကဲ့သို့ရှိခြင်းစသည့် အကြောင်းအရာများကိုပြောကြားခဲ့ပါသည်။

ထို့နောက် Youth Club အဖွဲ့ဝင် ဦးဟိန်းလတ်ကဘ၀မှာအောင်မြင်ချင်ရင်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးအောင်ရင်မှစိတ်အာရုံကိုဆွဲဆောင်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့၀င်ဦးမောင်ဌေးမှ ခေါင်းဆောင်မှုလျှို့၀ှက်ချက်ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးတွင် လစဥ်ဝန်ထမ်းများနှင့်သော်လည်းကောင်း၊ Book Club ၊ Youth Club နှင့် Women Club အဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်၀ိုင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)