ခမောက်ကြီး မတ်လ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အ.ထ.က ခမောက်ကြီးကျောင်း စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့တွင် အထူးပြုဘာသာရပ်အလိုက် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်အား (Grade-12) ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ကြောင်းသိရသည်။
အ.ထ.က(ခမောက်ကြီး)စာစစ်ဌာနတွင် ဓာတုဗေဒဘာသာရပ်ကို အ.ထ.ကခမောက်ကြီးကျောင်းမှ ကျောင်းတွင်းစာရင်းရှိ(၂၃)ဦးတွင် ဖြေဆိုသူ(၂၁)ဦး၊ အထကမလိဝမ်းကျောင်းမှ စာရင်းရှိ (၂)ဦးတွင် ဖြေဆိုသူ(၂)ဦးရှိရာ စုစုပေါင်းဖြေဆိုသူ(၂၅)ဦးနှင့် ပျက်ကွက်(၂)ဦး၊ ပထဝီဝင်ဘာသာရပ်ကို အ.ထ.က ခမောက်ကြီးကျောင်းမှ ကျောင်းသား၊သူ(၇)ဦးဖြေဆိုခဲ့ကြောင်းနှင့် စာမေးပွဲဖြေဆိုပြီးစီးသော ကျောင်းသား၊သူလေးများနှင့် တာဝန်ကျဆရာ၊ ဆရာမများအား စေတနာရှင်များက အာဟာရမုန့်များဖြင့် ပေးဝေခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများမှ အပြင်စည်း၊ အတွင်းစည်း ကြီးကြပ်ဆောင်ရွက်၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဆရာမများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့မိမြို့ဖများက လိုအပ်သည်များပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)