စဉ့်ကိုင် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)စာစစ်ဌာန၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများက မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ စာရေးဆရာ မျိုးမြတ်မြင့်မောင်၏ "ဆက်၍ချီပါ တပ်မတော်" ကဗျာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်း သိကောင်းစရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၃ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဆောင်ပုဒ်များ စသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)