Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်အောင်မြို့တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် လမ်းဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲကျင်းပ
Mar 28,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် လမ်းဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် တောင်ရိုးဒေသတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများအကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ယင်းမလွတ်ကျေးရွာအုပ်စု ယင်းမလွတ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့တွင် အများပြည်သူ (ရုံးပိတ်ရက်) ၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကား
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ တပ်မတော်နေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်ထန်းစွာ ကြွေကျခြင်းကြောင့် နေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွား
Mar 28,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း မတ်လ (၂၆) ရက် ည (၁၁) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်းထန်စွာ ကြွေကျခြင်းကြောင့် လူနေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center) တွင် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံစေရေးအတွက် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)ခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် မော်တော်ယာဉ်စစ်ဆေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာ လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီ အချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် မြစိမ်းရောင်ဘုရားကြီးအတွင်း တည်ထားကိုးကွယ်တော်မူသည့် ဗျာဒိတ်ပေးဘုရားကြီး ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြစိမ်းရောင်ကြေးသွန်း ဘုရားကြီးအတွင်း တည်ထားကိုးကွယ်တော်မူသည့် ဗျာဒိတ်ပေးဘုရားကြီး၏ မူလရွှေထီးတော်သည် တင်လှူထားခဲ့သည့် ခေတ်ကာလကြာမြင့်ခဲ့သည်ကတစ်ကြောင်း၊ ရာသီဥတုဒဏ်ခံရသည်က တစ်ကြောင်းကြောင့် ဟောင်းနွမ်းပျက်စီးခဲ့ပြီဖြစ်သဖြင့် သာသနာ့အနွယ်ဝင်တစ်ဦး၏ မတည်လှူဒါန်းမှု၊ မြစိမ်းရောင်ဘုရားကြီးဂေါပကအဖွဲ့များ၏ ကမကထပြုမှုများဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ဗျာဒိတ်ပေးဘုရားကြီး၏ ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော် အသစ်တစ်ဖန် ပြန်လည်တင်လှူပူဇော်သည့် မင်္ဂလာ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9323
Page
9324
Page
9325
Page
9326
Current page
9327
Page
9328
Page
9329
Page
9330
Page
9331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department