စဉ့်ကူးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ

စဉ့်ကူး  မတ်   ၁၄

စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ယနေ့နံနက်(၉)နာရီမှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာန ပြင်ပများ၌ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ကြီးကြပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းထားသူ  ကျောင်းသား (၉၀) ဦးနှင့် ကျောင်းသူ (၁၃၈)ဦး စုစုပေါင်း (၂၂၈) ဦး ရှိပြီး ဖြေဆိုသူ ကျောင်းသား (၈၄) ဦးနှင့် ကျောင်းသူ (၁၃၃)ဦး စုစုပေါင်း (၂၁၇) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၁၈)ဖြစ်ကြောင်း၊ ပထဝီဝင်ဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းထားသူ  ကျောင်းသား (၃) ဦးနှင့် ကျောင်းသူ (၉)ဦး စုစုပေါင်း (၁၂) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၁) ဦးနှင့် ကျောင်းသူ (၇)ဦး စုစုပေါင်း (၈) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၆၆.၆၇) စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)