ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ညောင်ဦး  မတ်  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများလျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အညီ မြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများ၊ ဌာန ဆိုင်ရာရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအပါအဝင် ဘုန်းတော်ကြီးကျောင်းများကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တို့းမြှင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မတ်လ ၁၄ ရက်၊ နံနက်  ၁၀ နာရီအချိန်က စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေအတွင်း ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းလေး ဝဲ/ယာရှိ ဆန်းရွှေဝါစက်သုံးဆီအရောင်းဆိုင်နှင့် ကောင်းစုစံစက်သုံးဆီအရောင်းဆိုင်များအား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အညီ တောင်းဇင်းနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းမိုးကျော် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှသွားရောက်စစ်ဆေး အကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး စက်သုံးဆီအရောင်းဆိုင်ဝန် ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပို့ချခြင်း၊ မီးသတ်ဆေးဘူး ထားသိုထိန်းသိမ်းနည်း၊ စစ်ဆေးနည်းနှင့်အသုံးပြုနည်းများ ရှင်းလင်းပြသခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ပေးခြင်းတို့အား စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စခန်းတာဝန်ခံဦးဆောင်သောစစ် ဆေးရေးအဖွဲ့မှ စက်သုံးဆီအရောင်းဆိုင်များတွင် အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုအခြေအနေများ၊ ပတ်ဝန်းကျင် မီးဘေးစိုးရိမ်ရမှု အခြေအနေများ မီးသတ်ယာဉ် ဝင်ထွက်လမ်းများစစ် ဆေးအကြံပြုခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ စနစ်များတပ်ဆင်ထားရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်စွာ ဖြည့်တင်းထားရှိစေရေးတို့အတွက်လည်း စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း