ဘားအံမြို့၌ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအား အားပြည့်အချိုရည် Royal D များ ဝေငှပေး

ဘားအံ မတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌၊ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား ကရင် ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှအားပြည့်အချိုရည် Royal D များကိုလည်းကောင်း၊ ရွှေပင်စည် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ကျောင်းသားမိဘများက အားပြည့်အချိုရည် Royal D ကို ကျောင်းသား/ ကျောင်းသူများအား ဝေငှပေးပြီး အားပေးစကားများ ပြောကြားသည်။

ဘားအံ မြို့နယ်အနေဖြင့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄) စာစစ်ဌာန(၃)ခုတွင် ဓာတုဗေဒ ဘာသာရပ်တွင် စာရင်းရှိ(၉၇၁)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၉၃၆)ဦး၊ပျက်ကွက်သူ (၃၅) ဦး ၊ဖြေဆိုမှုရာခိုင်းနှုန်း (၉၆.၄၀)ရှိကြောင်းနှင့် ပထဝီဝင်ဘာသာရပ်တွင် စာရင်းရှိ(၇၁)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၁)ဦး၊ ပျက်ကွက်သူ(၁၀)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၈၅.၉၂)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)