မတ္တရာ မတ် ၁၄
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံအဝန်းတွင် ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁၄ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က (မတ္တရာ)၌ စာစစ်ဌာန၌ ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။
မတ္တရာမြို့နယ်၌ ဓါတုဗေဒဘာသာရပ်တွင် စာရင်းရှိ (၃၁၄) ဦး၊ ဖြေဆိုသူ ကျား(၁၀၆ ဦး၊ မ(၁၈၇)ဦး စုစုပေါင်း(၂၂၃)ဦး ပျက်ကွက် (၂၁)ဦး၊ ပထဝီဝင်ဘာသာရပ်တွင် စာရင်းရှိ (၇)ဦး ဖြေဆိုသူ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး ပျက်ကွက်(၁)ဦး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ လုံခြုံရေးတာဝန်များ ချထားဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
စိုးကျော်သူထွေး (မတ္တရာ)