ပြင်ဦးလွင် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့စာစစ်ဌာနများတွင် ယနေ့မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ( ၉၄၃ ) ဦးနှင့် ကျောင်းသူ ( ၁၁၇၅) ဦး စုစုပေါင်း( ၂၁၁၈) ဦး၊ ဖြေဆိုသူ ကျောင်းသား (၈၉၇) ဦးနှင့် ကျောင်းသူ (၁၁၄၂ )ဦး စုစုပေါင်း (၂၀၃၉) ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား (၄၆) ဦးနှင့် ကျောင်းသူ (၂၂) ဦး စုစုပေါင်း (၇၉) ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၂၇) ရှိကြောင်းနှင့် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ( ၃၈ ) ဦးနှင့် ကျောင်းသူ ( ၆၈ ) ဦး စုစုပေါင်း( ၁၀၆) ဦး၊ ဖြေဆိုသူ ကျောင်းသား (၃၆) ဦးနှင့် ကျောင်းသူ (၅၆ )ဦး စုစုပေါင်း (၉၂) ဦး ဖြေဆိုကာဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား (၂) ဦးနှင့် ကျောင်းသူ (၁၂) ဦး စုစုပေါင်း (၁၄) ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၈၆.၇၉) ရှိကြောင်း ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် စာစစ်ဌာနများအနေဖြင့် အ.ထ.က (၁)၊ အ.ထ.က (၂) နှင့် အထ.က (၄) အစရှိသည့် စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိရာ အဆိုပါစာစစ်ဌာနများ၌ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်ပညာရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြင်ပစည်း လုံခြုံရေး တာဝန်ကျသည့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီပံ့ပိုးပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင် ရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးကိစ္စရပ်များအား အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)