တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကော့သောင်း မတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဗြဟ္မာဝိဟာရ(ဂျလန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ကလေးသူငယ်များ၏ စိတ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းနှင့်ပတ်သက်သည့် အသိအမြင်များတိုးပွားလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေး ဟောပြောပေးခြင်းဖြစ်ကြောင်း ပြောကြားကာ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကာတွန်းဗီဒီယိုများ ပြသခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းများပြုလုပ်၍ အဖြေမှန်သော ကျောင်းသား/ကျောင်းသူများအား ပန်းချီစာအုပ်များ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)