မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီဘဏ်ချေးငွေ အစောဆုံးရာနှုန်းပြည့်ပြေကျေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

အထက်မင်းလှ မတ် ၁‌၅

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် မိုးရာသီဘဏ်ချေးငွေ အစောဆုံးရာနှုန်းပြည့် ပြေကျေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာက မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီဘဏ်‌ချေးငွေ အစောဆုံးရာနှုန်းပြည့်ပြေကျေသည့်ရပ်ကွက်၊ ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်း အားရှင်းလင်းပြောကြားသည်။

ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘဏ်ချေးငွေ အစောဆုံးရာနှုန်းပြည့် ပြေကျေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)