ကော့သောင်းမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အေးချမ်းစွာ ဆက်လက်ဖြေဆို

ကော့သောင်း မတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မတ်(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် ဓာတုဗေဒဘာသာရပ်ကို အထက(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ(Grade.12) ကျောင်းသား၊ သူများ ဝင်ရောက်ဖြေဆိုလျက်‌ရှိ‌ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာ‌‌မေးပွဲ‌ဖြေဆိုရာ၌ ဓာတုဗေဒဘာသာရပ်ကို အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေ(၇၁)ဦးနှင့် အလွတ်ဖြေဖြေဆိုသူ (၁၁)ဦး စုစုပေါင်းဖြေဆိုသူ(၈၂)ဦး၊ အထက(၂)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေ ဖြေဆိုသူ (၅၁)ဦးနှင့် အလွတ်ဖြေ ဖြေဆိုသူ(၁၇)ဦး စုစုပေါင်းဖြေဆိုသူ(၆၈)ရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)