မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်

မြစ်သား        မတ်    ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းက ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် နွေရာသီဖွင့်လှစ်မည့် သင်တန်းများတွင် ပန်းအလှထိုးနည်းသင်တန်း  ပါဖွင့်လှစ်ရခြင်း ဖြစ်ကြောာင်း၊မိမိတို့အမျိုးသမီးများအနေဖြင့် တတ်ထားသင့်သည့် အတတ်ပညာတစ်ခုဖြစ်ကြောင်း၊ အိမ်အတွက် ပန်းအလှဆင်ရာတွင်လည်း တီထွင်ဖန်တီးပြီးဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းနည်းပြ ‌ဒေါ်သီတာအောင်နှင့် ဒေါ်ဝါဝါစန်းတို့က နှင်းဆီပန်းပွင့်၊ ဂန္ဓာမာပန်းပွင့်နှင့် ရေမွှေးပန်းခက်များ စသည့် ပန်းပွင့်များနှင့် ပန်းအလှထိုးနည်းပြုလုပ်ပုံအဆင့်ဆင့်ကို သင်တန်းသားတစ်ဦးချင်းစီလက်တွေ့သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို မတ်လ (၁၄) ရက်နေ့မှ မတ်လ(၁၆) ရက်နေ့အထိသင်တန်းကာလ(၃)ရက်ကြာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မအနောက်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက်များမှ စိတ်ပါဝင်စားသည့် အမျိုးသမီးသင်တန်းသား(၁၆)ဦးတို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)