ပိုင်ကျုံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား အာဟာရပြည့်ဝရေးအတွက် (MCCT) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က လက်ဝယ်အရောက်လိုက်လံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ် (ဒုတိယအကြိမ်) ထပ်ဆောင်း ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ကို ကိုယ်ဝန် ဆောင်မိခင်နှင့်အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေး အတွက် မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မိုးနိုင်းကျေးရွာ အုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT) အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင် (၃)ဦးနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်(၄)ဦး စုစုပေါင်း(၇)ဦးတို့အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်ကို တာဝန်ရှိသူမျာတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသည်။
နော်ခူး(ပြန်/ဆက်)