အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား Biometiic Data များကောက်ယူခြင်းကို ယမန်နေ့က ဆင်နှစ်ကောင်ဟိုတယ်တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Mar 28,2024
စစ်ကိုင်တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သည် အထင်ကရ မြို့တစ်မြို့ဖြစ်ပြီး လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးလျက်ရှိသည့် မြို့ပင်ဖြစ်ပါသည်။ သို့ဖြစ်သည်အလျောက် စစ်ကိုင်းမြို့တွင် အသေးစား လက်မှုအတတ်ပညာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကြိမ်ထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ မြေအိုးလုပ်ငန်းများ ဖြင့်ထင်ပေါ်ကျော်ကြားသည့်အပြင် စစ်ကိုင်းမြို့၏အထင်ကရလုပ်ငန်းဖြစ်သည့် ဂစ်တာလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Mar 28,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် (One Stop Service) ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Mar 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သက်ငယ်မုဒိမ်းကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် သက်ငယ်မုဒိမ်းကာကွယ်‌ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီအချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာတွင် သာသနာထွန်းကားပြန့်ပွားရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလအတွင်း (၅၈)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့်(၇)ရက်ဝိပဿနာတရားစခန်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များတွင် ညောင်ချဉ်ပင်များ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိရာ နွေရာသီကာလ ညောင်ချဉ်ရွက်နုထွက်ချိန်တွင် ဟင်းလျာအတွက်နှင့် အပိုဝင်ငွေရရှိရန် ဒေသခံများက လိုက်လံဆွတ်ခူးရောင်းချကြသည်။
Mar 28,2024
ရန်ကုန်တိုင်း​​ဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်​စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ချပြရှင်းလင်းခြင်းကို ယမန်နေ့ကသလသာမြို့နယ်သံ​စျေး၊​ စျေးတာဝန်ခံရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က(၆ )တွင်လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာ၊  ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို အ.ထ.က(၁)တွင်လည်းကောင်း  ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါသင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချလျက်ရှိသည်။