ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ e-ID စနစ်အတွက် Biographic/Biometricကောက်ယူခြင်း (One Stop Service) ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပျော်ဘွယ် မတ် ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် (One Stop Service) ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူဦးရေနှင့်အိမ်ထောင်စုစာရင်းကောက်ယူနေမှုအခြေအနေများ၊ e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်း (One Stop Service) ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။

ပြည်ထောင်စုဝန်ကြီး ကြည့်ရှုအားပေးရာသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၈၇) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး နေ့ချင်းပြီးဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)