အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ကျန်းမာရေးဦးစီးဌာန ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Mar 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ရာသီမရွေးသွာလာနိုင်သော ကွန်ကရစ်လမ်းသစ်အား ယမန်နေ့ မွန်တည် ၁၂ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Mar 28,2024
(၇၉)နှစ်မြောက် တပ်‌မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်  စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်  မူလတန်းဆင့်နှင့်  အလယ်တန်းဆင့်  ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို  အ.ထ.က(၁)နှင့် အ.ထ(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလှူဘဏ်ဖွင့်ပွဲနှင့် သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံ ဝန်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် သွေးလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဝန်ထမ်းအမျိုးသမီးများ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံ နှင့် ဖူဆယ်ဘောလုံးကွင်းအတွင်း ပြုလုပ်သည်။
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး မတ်လ ၂၆ ရက် နေ့ နံနက်ပိုင်းက စာရေးဆရာ မြဝင်း(ဒဿန) ရေးသားသော "ဘဝကိုပြောင်းလဲစေသော အဆုံး အမများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Mar 28,2024
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု ပုံချိုကျေးရွာအနီးရှိ ပုံချိုချောင်းသို့ ယခုရက်ပိုင်းအတွင်း အပန်းဖြေသူများလာကြောင်း သိရသည်။