အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းများ တိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နွေရာသီကာလ မိသားစု အပိုဝင်ငွေရရှိရန် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးတူးဖော်ရောင်းချကြရာ နနွင်းခြောက်များ သိုလှောင်ရောင်းဝယ်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ်ကို တောင်သူများ ပြောင်းလဲကျင့်သုံးတတ်စေရန် ရည်ရွယ်၍ တောင် စောင်းစိုက်ပျိုးနည်းစနစ်နှင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ရာသီဥတုနှင့် ကိုက်ညီမည့် မျိုးကောင်း မျိုးသန့်များကို ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ခန်းမ၌ ကျင်းပပြု လုပ်ရာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက် ရောက်ခဲ့ကြသည်။
Mar 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး၊ ရေရရှိရေးနည်းလမ်းများအလိုက် ၂၀၂၃-၂၀၂၄ခုနှစ် နွေစပါးစိုက်ဧက (၁၀၀၀)ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။  
Mar 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။  
Mar 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများ စာပေမှရရှိလာမည့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဦးဆောင်၍ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ မေတ္တာရှင် (ရွှေပြည်သာ)ရေးသားထားသည့် ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Mar 28,2024
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် စျေးသည်များ စနစ်တကျရောင်းချမှု ရှိစေရန် နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ညနေ ၄ နာရီတွင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး အသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအား မွေးမြူရေးအလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။