Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်မြောင်းမြို့တွင် (နွေစပါး) သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း စံပြကွက်ကွင်းသရုပ်ပြပွဲကျင်းပ
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မခေါက်ကျေးရွာတွင် ကွင်းအမှတ်(၂၆၉၄) တောင်သူဦးကံထွန်း၏ လယ်မြေတွင် (နွေစပါး) သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း စံပြကွက်ကွင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ မီးဘေးသင့်နေအိမ်မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ကျေးရွာအရောက် သွားရောက်ထောက်ပံ့
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တစ်ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ် (၂) လုံးမှ မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေနှင့် မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက (၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲပြုလုပ်
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာရှိ ပညာဇောတိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော်ဘဒ္ဒန္တကောသလ္လထံ ဩဝါဒခံယူ၍ စတုတ္တအကြိမ်မြောက် သာသနာ့ပျိုးခင်း နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာအတတ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပညာဇောတိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်…
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ် ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်က ဥယျာဥ်တောင်ရပ် ရွှေကျောင်းပရိယတ္တိစာသင်တိုက်ရှိ ပိဋကာဝါသ ရွှေဗိမာန်တော်ကြီး တွင် ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Mar 28,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9319
Page
9320
Page
9321
Page
9322
Current page
9323
Page
9324
Page
9325
Page
9326
Page
9327
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department