အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် (၉၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက  မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဆောင်းရာသီက စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများကို နေ့စားအလုပ်သမားများကို ငှားရမ်း၍ ရိတ်သိမ်းခြွေလှေ့ကြသဖြင့် ကျေးရွာများရှိ ဆောင်းသီးနှံရိတ်သိမ်းခြွေလှေ့ အငှားလိုက်သည့် ဒေသခံပြည်သူများ နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၁ နာရီအချိန်က အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ သံချဆေးနှင့် ဗီတာမင်အေအား ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မတ်လ (၂၃) ရက်နေ့က ချောင်းခွ(ဂျီ) ကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာတွင်ဖြစ်ပွားသော မီးဘေးမှ လောင်ကျွမ်းပျက်စီး လူနေအိမ်(၁)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည်  မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များ စိုက်ပျိုးပြီး တစ်ချို့ကတက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော် ပြီဖြစ်သည့် ရာသီစာ ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
Mar 28,2024
မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင်တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်သီး နှံထွက်ချိန် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိနေကြောင်း သိရသည်။
Mar 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။