အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားအခြေခံ သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Mar 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ယခင်နှစ်ကာလများစွာက တပင်တိုင်ဝါးမျိုးများကို စိုက်ပျိုးမှုများမရှိခဲ့သော်လည်း ယခုအခါ သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ ယ‌မန်နေ့ နေ့လယ်(၁၁)နာရီအချိန်က ဒါးကကျေးရွာအုပ်စု၊ မြို့မ (အ.ထ.က) စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 28,2024
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ ဖွင့်လှစ်သည့် နွေရာသီအခြေခံသင်တန်းကို ယမန်နေ့ညက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Mar 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 28,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ထဲတွင် ဒေသရင်းနေရပ်သို့ မပြန်ကြသေးသည့် ဆောင်းခိုငှက်များနှင့်အခြားငှက်မျိုးစုံ ကျရောက်ကျက်စားလျက်ရှိပြီး ကန်ရေကျသည့်နှစ်များတွင် မိတ္ထီလာကန်အတွင်း ကျရောက်ကျက်စားသည့် ငှက်များကို လေ့လာနိုင်ကြောင်း ဒေသခံငှက်ကြည့်ဝါသနာရှင်များထံက သိရသည်။
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ပဲတီစိမ်းဧက (၉၅၃၈)ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြ၍သိရသည်။
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ချောင်းဝရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ်းနား ဘက်ခြမ်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့နယ်အတွင်းရှိပြည်သူများ အပမ်းဖြေလမ်းလျှာက်နိုင်မည့်အရှည် (၈၀၀)ပေ ၊ အကျယ် (၅)ပေ ၊ ထု (၄)လက်မရှိသော ကွန်ကရစ်လမ်းနှင့် အဆိုပါလမ်းပေါ်၌ လျှပ်စစ်မီးသွယ် တန်းခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ( ၅ ) နာရီအချိန်တွင် ကျင်းပခဲ့သည်။