ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် နွေစပါးဧက(၁၀၀၀)ကျော်လျာထားစိုက်ပျိုး

ကျောက်ဆည် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး၊ ရေရရှိရေးနည်းလမ်းများအလိုက် ၂၀၂၃-၂၀၂၄ခုနှစ် နွေစပါးစိုက်ဧက (၁၀၀၀)ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။  

နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ သင်တောင်းကျေးရွာအုပ်စုတွင်(၂၀၀)ဧက၊ အင်တိုင်းကျေးရွာ အုပ်စုတွင် (၁၇၂)ဧက၊ ပတ္တာကျေးရွာအုပ်စုတွင် (၁၀၀)ဧက၊ ပင်တလည်ကျေးရွာအုပ်စုတွင်(၁၅၃)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကုလားချောင်း ကျေးရွာအုပ်စုမှ(၄၀၀)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် လက်ပန်ပင်ကျေးရွာ အုပ်စုမှ (၂၈)ဧကစုစုပေါင်း(၁၀၅၃)ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နွေစပါးသီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကတောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ၊ စိုက်နည်းစနစ်များကူညီပေးလျက်ရှိပြီး  မြို့နယ်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေပေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)