ချောင်းသာ၌ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ချောင်းသာ မတ် ၂၈

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် စျေးသည်များ စနစ်တကျရောင်းချမှု ရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ညနေ (၄) နာရီတွင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများ ပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပမ်းဖြေနိုင်ရန်အတွက်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသော ကမ်းခြေဖြစ်စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်၍ စဥ်ဆက်မပြတ် လှည့်လည်ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)