လိပ်သို မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နွေရာသီကာလ မိသားစု အပိုဝင်ငွေရရှိရန် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးတူးဖော်ရောင်းချကြရာ နနွင်းခြောက်များ သိုလှောင်ရောင်းဝယ်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
နနွင်းများကို တူးဖော်ပြီး ရရှိလာသောနနွင်းတက်များကို နူးအောင်ပြုတ်ပြီး အခြောက်လှန်းကာ သိုလှောင်ရောင်းဝယ်ကြကြောင်း၊ လိပ်သိုမြို့ပေါ်ရှိ နနွင်းအဝယ်ဒိုင်များက ယခုနှစ် ဆောင်းရာသီကာလတွင် နနွင်းအခြောက်တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်အထိသာ ဈေးရရှိသော်လည်း နွေရာသီကာလတွင် (၇၂၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
နနွင်းခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ အများဆုံးတင်ပို့ ရောင်းချကြကြောင်း၊ ဒေသတွင်း နနွင်းခြောက်ဝယ်ယူသူများက နနွင်းခြောက်များ ကြိတ်ကာ ကိုယ်ပိုင်အမှတ် တံဆိပ်ဖြင့် နနွင်းမှုန့်များ ပြုလုပ်ရောင်းချကြကြောင်း၊ ယခုနှစ်တွင် နနွင်းခြောက်များ ဈေးကောင်းရရှိနေသဖြင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကာ လာမည့်နှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)