ခန္တီး မတ်လ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ်ကို တောင်သူများ ပြောင်းလဲကျင့်သုံးတတ်စေရန် ရည်ရွယ်၍ တောင် စောင်းစိုက်ပျိုးနည်းစနစ်နှင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ရာသီဥတုနှင့် ကိုက်ညီမည့် မျိုးကောင်း မျိုးသန့်များကို ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ခန်းမ၌ ကျင်းပပြု လုပ်ရာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သင်တန်းသား သင်တန်းသူများအား ပညာပေးလက်ကမ်း စာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ ကောဖီမျိုးစေ့များအား တက်ရောက်လာသည့် ဌာနဆိုင် ရာများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ်၊ တောင်စောင်းမြေဆီလွှာထိန်း သိမ်းရေးစနစ်၊ ကွန်တိုစိုက်ပျိုးရေး လက်တွေ့ပြသခြင်းနှင့် သဘာဝတောမပျက် သီးနှံသစ်တောရော နှော ကော်ဖီစိုက်ပျိုးရေးစနစ် စသည့်ခေါင်းစဉ်များဖြင့် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ သင်တန်း ဆရာ(၃)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သင်တန်းဆရာ (၃)ဦးတို့က မတ်လ(၂၈)ရက်နေ့မှ (၂၉)ရက် နေ့အထိ(၂)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး နာဂဒေသရှိ စိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်း(၂၀)ဦး၊ ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ(၄၀)ဦး စုစုပေါင်း သင်တန်းသား (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)