လှိုင်းဘွဲမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ  မတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။  

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကလေးငယ်များအနေဖြင့် ကျန်းမာသန်စွမ်းစေရန်၊ အာဟာရဓာတ်များ ပြည့်ဝစွာ ရရှိစေရန်၊ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်၊ ကလေးများအား ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ကလေးမိခင်များ အထူးဂရုစိုက်ကြရန်နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန် ဆောင်သည့်ကာလအတွင်းဆောင်ရန်၊ ရှောင်ရန်များကို သိရှိစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ပြီး မွေးကင်းစမှ အသက်()နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက်ထိုးနှံပေးရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)