အမြို့မြို့အနယ်နယ်သတင်းများ

Mar 28,2024
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ (၂၀၂၃-၂၀၂၄)ခု ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်းထမ်းများက မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကိုကျေးရွာမြေ ငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦး‌ဆောင်၍ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ် ပြန်/ဆက်နှင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်တို့က ယနေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အရည်အချင်းဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေစပါး ဧက ၁၀၅၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအချိန်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အမှိုက်သရိုက်များ မီးရှို့ခြင်းများမပြုရန် အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 28,2024
စာစီစာကုံးသင်တန်းတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသားလူငယ်များအနေဖြင့် မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားနိုင်‌ရန်နှင့် သင်ကြားပေးထားသောသင်ခန်းစာများ မှတ်သားနားလည်နိုင်‌မှုကို ဆန်းစစ်သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲကျင်းပ‌ဆောင်ရွက်ကြောင်း သိရသည်။
Mar 28,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။