Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ မြို့နယ်သို့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ပုံ…
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှမြို့နယ်သို့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ပုံစံများစာရင်း လာရောက်ဖြည့်သွင်းနေမှုအခြေအနေများအား ဧပြီလ (၃)ရက်နေ့ ညနေပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ဆီထွက်သီးနှံထုတ်လုပ်မှုမြင့်မားရေးအထူးဇုန်ဧရိယာများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Apr 04,2024
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် အထူးဇုန်ဧရိယာများ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အထူးဇုန်(၂) တာဝန်ခံ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုနိုင်၊ တိုင်းမြေအသုံးချရေးတာ ဝန်ခံဒေါ်သက်သက်ထွန်း၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသက်ထက်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမြင့်နိုင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်လင်းလက်၊ စိုက်ပျိုးရေးသုတေသနခြံမှ သုတေသနအရာရှိ ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ဧပြီ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်” အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် အပူဒဏ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး” ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ဧပြီလ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က လမ်းဆုံလမ်းမများမှ နေ၍ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် ကျောက်ပုံကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကျောက်ပုံကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန် နေ့က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ရည်စူး၍ အန္တိမဈာပန ဓမ္မပူဇာတရားပွဲ ကျင်းပ
Apr 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိ နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်၏ ဆရာတော်ဘုရားကြီးအား ရည်စူး၍ အန္တိမဈာပန ဓမ္မပူဇာတရားပွဲကို ဧပြီလ ၃ ရက် ည ၇ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပရာ သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရမှ ဓမ္မပူဇာတရား ကြွရောက်ဟောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ရာခိုင်နှုန်းရှိ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ပထမနေ့အဖြစ်၊ ယမန်နေ့မွန်းတည့် (၁၂)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာနှင့် ပုံးအယ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများ…
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်း
Apr 04,2024
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း)တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9270
Page
9271
Page
9272
Page
9273
Current page
9274
Page
9275
Page
9276
Page
9277
Page
9278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department