ကျောက်ပန်းတောင်း ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ပထမနေ့အဖြစ်၊ ယမန်နေ့မွန်းတည့် (၁၂)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲများကို မတ်လ(၂၈)ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး၊ ယမန်နေ့တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဆက်လက် ကျင်းပခဲ့ရာ၊ ပထမကြီးတန်း ဒွေမာတိကာ/ဓမ္မပဒဘာသာတွင် ရဟန်(၂၄)ပါး၊ သာမဏေ(၆)ပါးနှင့် သီလရှင်(၂)ပါး ပေါင်း (၃၂)ပါး၊ ပထမလတ်တန်း ဒွေမာတိကာ/ဓမ္မပဒဘာသာတွင် ရဟန်း (၁၇) ပါး၊ သာမဏေ(၂၆)ပါးနှင့် သီလရှင်(၂)ပါး ပေါင်း((၄၅)ပါး၊ ပထမငယ်တန်း ဘိက္ခုပါတိမောက်/ဓမ္မပဒဘာသာတွင် ရဟန်း(၈)ပါး၊ သာမဏေ(၆၉)ပါးနှင့် သီလရှင်(၆)ပါး ပေါင်း(၈၃)ပါး၊ အခြေပြုမူလတန်း ဝိနည်း/သုကုမာရမဂ္ဂဒီမနီ ဘာသာတွင် ရဟန်း(၁၁)ပါး၊ သာမဏေ(၁၂၇)ပါးနှင့် သီလရှင်(၄)ပါး ပေါင်း(၁၄၂)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် (၃၀၂)ပါး တို့ဝင်ရောက်ဖြေဆိုတော်မူကြကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ ရာခိုင်နှုန်းရှိကြောင်းသိရပြီး၊ စာမေးပွဲကာလမှာ ယနေ့မှစ၍ ဧပြီ(၉)ရက်နေ့အထိ (၇) ရက်ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာဌာနသို့ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ အကျိုးတော်ဆောင်များမှ ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)