သာပေါင်းမြို့နယ်တွင် “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်” အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

သာပေါင်း ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် အပူဒဏ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး” ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ဧပြီလ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က လမ်းဆုံလမ်းမများမှ နေ၍ ဖြန့်ဝေပေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်တို့က ပြည်သူများသွားလာစည်ကားရာ လမ်းဆုံလမ်းမများကနေ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် အပူဒဏ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး” ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)