ကန်ကြီးထောင့် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှမြို့နယ်သို့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ပုံစံများစာရင်း လာရောက်ဖြည့်သွင်းနေမှုအခြေအနေများအား ဧပြီလ (၃)ရက်နေ့ ညနေပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှိ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ရပ်ကွက်၊ ကျေးရွာများမှ မြို့နယ်သို့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ပုံစံများစာရင်းလာ ရောက်ဖြည့်သွင်းနေမှုအခြေအနေများ၊ မြို့နယ်အဖွဲ့မှ လိုအပ်သည့် ပုံစံအဆင့်ဆင့်အားစာရင်းဖြည့်သွင်းနေမှု အခြေအနေတို့အား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့လာရောက်ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က လိုအပ်သည်မျာကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)