ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာနှင့် ပုံးအယ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်

ဟိုပုံး ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများက ဒေသခံတိုင်းရင်းသားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာရှိ နေအိမ်၊ ဘာသာရေးအဆောက်အဦ၊ ကျေးလက်ဆေးပေးခန်းနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် လူတစ်ဦးအတွက် ဆန်(၂)ဗူးနှုန်းဖြင့် အိမ်ထောင်စု(၅၅)စုအတွက် (၁၄)ရက်စာ ဆန်အိတ်စုစု‌ပေါင်း (၆၃)အိတ်နှင့် အိမ်ဆောက်ပစ္စည်းများကို စငေါကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာရှိ ဒေသခံပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားမှိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူတစ်ဦးနှင့် တိုက်ပွဲအတွင်းပိတ်မိနေ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူတို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အားသွားရောက်ဖူးမျှော်ပြီး လှူဖွယ်ဝတ္ထုနှင့် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)