အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၂)/ တောင်ရပ်ကွက်၊ မြင်တော်သာလမ်းကြီး၊ မြို့နယ်ဘောလုံးကွင်းအတွင်းရှိ အားကစားခန်းမတွင် ယမန်နေ့၊ (၀၈:၃၀)အချိန် နွေရာသီအခြေခံအားကစားသင်တန်းများ၊ သင်တန်းဆင်းပွဲ၊ တူညီဝတ်စုံထောက်ပံ့ခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစား ကော်မတီဝင်များ၊ မြို့နယ်အားကစားမှူးများ၊ နည်းပြများ၊ အလှူရှင် Steel King co;ltdမှ မန်နေဂျာ ဦးလူမော်နှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
Apr 03,2024
လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ၁-၄-၂၀၂၄ ရက်နေ့မွန်းလွဲ (၂)နာရီက ကျင်းပခဲ့သည်။
Apr 03,2024
ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်စာပေသင်တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကရင်ကျောင်းသားများရိပ်သာ သင်တန်းခန်းမ၌ ကျင်းပသည်။
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌၊ မြို့နယ်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့က အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်‌ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲကို ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်‌ခဲ့ကြောင်း သိရသည်။
Apr 03,2024
မကွေးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျာထားချက်ပြည့်မီစွာ ထုတ်ချေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်သည်။
Apr 03,2024
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။