Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်
Apr 03,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုခန်းမ၌ နွေရာသီအခြေခံခဲရေးပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်မှုအနုပညာကို အခြေခံမှစ၍ တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံခဲရေးပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲမှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့်ကြီးကြပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 03,2024
မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့်ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ ဒေသဖွံ့ဖြိုးရေးအတွက် သရက်ခြံကော်ဖီခြံတို့ကို ကွင်းဆင်းကြည့်ရှု
Apr 03,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ရပ်စောက်မြို့ UNTQUE LAWK SAWK MANGO PUBLIC Co,Ltd သရက်ခြံအား သွားရောက်ကြည့်ရှုရာ သရက်တာဝန်ခံဦးမြင့်ဦးမှ သရက်သီးစိုက်ပျိုး၊ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သရက်သီးထုတ်လုပ်သည့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ''ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန'' အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 03,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်ရုံးနှင့် တနိုင်းမြို့နယ်ရုံး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်လှစ်
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး အခြေခံစာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၄-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီ အချိန်က ဝန်းသိုမြို့အ.ထ.က(ခွဲ) တပ်နယ်မြေကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9267
Page
9268
Page
9269
Page
9270
Current page
9271
Page
9272
Page
9273
Page
9274
Page
9275
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department