ညောင်ဦးမြို့နယ် ဆီထွက်သီးနှံထုတ်လုပ်မှုမြင့်မားရေးအထူးဇုန်ဧရိယာများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်  မိတ်ဖက်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ

ညောင်ဦး  ဧပြီ  ၄

၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် အထူးဇုန်ဧရိယာများ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အထူးဇုန်(၂) တာဝန်ခံ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုနိုင်၊ တိုင်းမြေအသုံးချရေးတာ ဝန်ခံဒေါ်သက်သက်ထွန်း၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသက်ထက်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမြင့်နိုင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်လင်းလက်၊ စိုက်ပျိုးရေးသုတေသနခြံမှ သုတေသနအရာရှိ ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ဧပြီ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဆီးထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် မြို့နယ်အတွင်း အထူးဇုန်များ သတ်မှတ်အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား တောင်သူများမှ ဆွေးနွေးခြင်း၊ မြေပဲ၊ နှမ်းစိုက်ပျိုးတောင်သူများ စိတ်တူကိုယ်တူ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းခြင်းလုပ်ငန်းများ၊ အထွက်နှုန်းကောင်းမွန်သော မျိုးများပြောင်းလဲစိုက်ပျိုးရန်၊ ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သွင်းအားစုအချိန်ကိုက်၊ အချိုးကျထည့်သွင်း နိုင်ရေးလုပ်ငန်းများ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများ၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (GAP)များကို လိုက်နာကျင့်သုံးနိုင်ရေးလုပ်ငန်းများ၊ အကျိုးဆောင် တောင်သူများနှင့် Viber Group များဖွဲ့စည်းရန်၊ ရေခက်ခဲသည့်နေရာများတွင် Mobile Solar များအသုံးပြုရန်၊ အထွက်နှုန်းမှန်ကန်စေရေး စံကွက်ရိတ်သိမ်းရန်၊ မျိုးစေ့ချကိရိယာ ထွန်ယက် ရေးကိစ္စရပ်များ ဆွေးနွေးကြပြီး တောင်သူများ၏မေးမြန်းမှုများအပေါ် ပြန်လည်ဖြေရှင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခဲ့ပြီး ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မာရေးအထူးဇုန်ဧရိယာများ အထွက်နှုန်းတိုးတက်ရေးဆွေးနွေးပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း