Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ကွန်ပျူတာ ပန်းချီ ပြိုင…
Apr 04,2024
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့၊ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က အဖွင့်အမှာ စကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူ ပန်းချီ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 04,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရယ်ရွယ်ပြီး အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခဲ့ရာ ပုံတူပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များအား ဖူးမြော်ကြည်ညို
Apr 04,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မဝတ္ထုငွေများလှူဒါန်းခဲ့ကာ စာဖြေသံဃာများ၊ ကြီးကြပ်ဆရာတော်များ လိုအပ်သည်များနှင့် ဝေယျာဝစ္စများအဆင်ပြေမှုရှိစေရေး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်းရောင်းချနေသည့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Apr 04,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ခရီးသွားရာသီအတွင်း အများပြည်သူခရီးသွားလာရာနေရာများ၌ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်ကျင်းပ
Apr 04,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲ ပထမနေ့အား မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သာသာနာ့ဗိမာန်၌ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှ စတင်၍ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒ၊ ဒွေမာတိကဘာသာ/ဓမ္မပဒဘာသာရပ်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့၌ ၁၃၈၅ ခု၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီပါတိမောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာရပ်တို့အား စတင်ဖြေဆို ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9268
Page
9269
Page
9270
Page
9271
Current page
9272
Page
9273
Page
9274
Page
9275
Page
9276
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department