သထုံမြို့နယ်အတွင်းရောင်းချနေသည့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သထုံ ဧပြီ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ခရီးသွားရာသီအတွင်း အများပြည်သူခရီးသွားလာရာနေရာများ၌ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီးဝန်းကျင်နှင့် အဝေး‌ပြေးယာဉ်ရပ်နားစခန်းများ၊ မော်တော်ယာဉ်ဂိတ်များစသည်တို့၌ ရောင်းချနေကြသည့် စားသောက်ဆိုင်များ စားသောက်ကုန်များအား ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုလုပ်ပြင်ဆင်ရောင်းချနေခြင်း ရှိ/မရှိလိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်