မုံရွာ ဧပြီ ၄
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရယ်ရွယ်ပြီး အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခဲ့ရာ ပုံတူပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကလေးငယ်များကို အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ သင်ကြားပြသခဲ့သည့် အခြေခံပန်းချီပညာရပ်တွေကို မှတ်မိသလောက်နှင့် စိတ်ဝင်စားစွာလေ့လာမှတ်သားမှု အခြေအနေများကို သိရှိနိုင်ရန်အတွက် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲကို လက်တွေ့ရေးဆွဲသွားကြပြီး ဆုရရှိသူများကိုလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲဝင် ပုံတူပန်းချီပုံရေးဆွဲရာတွင် မုံရွာမြို့ပေါ်ရှိ အခြေခခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ(၂၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ယှဉ်ပြိုင်ခဲ့ကြရာတွင် ကလေးငယ်များက တစ်ပျော်တစ်ပါး ယှဉ်ပြိုင်ရေးဆွဲခြင်းနှင့် ပုံပြင်ပြောခဲ့ကြသည်။
ဆက်လက်၍ ပန်းချီပညာရှင် ဦးအောင်ဗလ(မုံရွာ)နှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးတို့က မူလတန်း/ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ပုံတူပန်းချီပုံများနှင့် ပုံပြင်ပြောခြင်းတို့ကို ကြည့်ရှုအားပေးပြီး ဆုရရှိခဲ့သည့်ပုံများကို သုံးသပ်ပြောကြား၍ ဆုမရရှိခဲ့ကြသည့် ကလေးငယ်များကိုလည်း ဆက်လက်လေ့လာကြိုးစားသွားကြဖို့ရန်နှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြသော မူးလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအားလည်း ဆက်လက်ပြီး ပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ကြစေလိုကြောင်း မှာကြားပြီး ပြိုင်ပွဲများအလိုက် မူလတန်း/ အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)