မတ္တရာ ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒ၊ ဒွေမာတိကဘာသာ/ဓမ္မပဒဘာသာရပ်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ(၂၄၁)ပါးရှိပြီး ပထမကြီးတန်း ရှင်ရဟန်း(၃၈)ပါး၊ ပထမလတ်တန်းရှင်ရဟန်း (၄၂)ပါး၊ ပထမငယ်တန်း ရှင်ရဟန်း (၅၁)ပါး၊ အခြေပြု မူလတန်းရှင်(၆၈)ပါး၊ သီလရှင်(၆)ပါး စုစုပေါင်း(၂၀၅)ပါး (၈၅ဒသမ၀၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၆)ပါးဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့်အဖွဲ့ဝင်များမှကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား ဧပြီလ (၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)