သပိတ်ကျင်းမြို့၌ ၁၃၈၅ ခု၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို

သပိတ်ကျင်း   ဧပြီ   ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  ပါဠိပထမပြန် စာမေးပွဲကို  ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီပါတိမောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာရပ်တို့အား စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့၌ ပါဠိပထမပြန် စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန်စာရင်းပေးသွင်းသူ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း(၅၂)ပါးရှိပြီး လာရောက် ဖြေဆိုသူ ရဟန်း(၁၄)ပါး၊ သာမဏေ(၂၃)ပါး စုစုပေါင်း (၃၇)ပါး လာရောက်ဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား  စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဩဝါဒစရိ သံဃာ့ဆရာတော်များ၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အကျိုးဆောင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်သံဃာဝေယျာဝစ္စအဖွဲ့များက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စာမေးပွဲကျင်းပနေစဉ်အတွင်း စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အချိုရည်ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ စေတနာရှင်/အလှူရှင်များက လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)