ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

ငါန်းဇွန်    ဧပြီ    ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၁၀)၊ ဖြေဆို(၈)၊ ပျက်ကွက်(၂)သည် ဒွေမာတိကာဘာသာ/ ဓမ္မပဒကိုလည်းကောင်း၊ ပထမလတ်တန်း၌ စာရင်းရှိ(၁၁)၊ ဖြေဆို(၁၁)၊ ပျက်ကွက်မရှိသည် ဒွေမာတိဘာသာ/ ဓမ္မပဒကိုလည်းကောင်း၊ ပထမငယ်တန်း၌ စာရင်းရှိ(၁၂)၊ ဖြေဆို(၁၁)၊ ပျက်ကွက်(၁)သည် ဘိက္ခူပါတိမောက် ဘာသာ/ ဓမ္မပဒကိုလည်းကောင်း၊ အခြေပြုမူလတန်း၌ စာရင်းရှိ(၂၀)၊ ဖြေဆို(၁၃)၊ ပျက်ကွက်(၇)သည် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီကိုလည်းကောင်း ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ရက်နေ့မှ ၉ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆို သံဃာတော်များ၊ သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

သက်နောင်ဦး(ငါန်းဇွန်)