Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 03,2024
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာ ဘာသာရပ်ဖြေဆို
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက်မှစ၍ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာဘာသာရပ်အား ဖြေဆိုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းသူများဖြင့် ပုံမှန်လည်ပတ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်ဖွင့်လှစ်လည်ပတ်လျက်ရှိရာ ယမန်နေ့နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်၌(၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်း…
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားခန်းကွင်း၌ ကျင်းပပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြို့နယ်အားကစားကွင်းအတွင်းသို့ ဝင်ရောက်ရာ နာဂရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပြီး ခယမ်ညူငန်နှစ်ခြင်းအသင်းတော်များအဖွဲ့ ဆရာမောင်ကန်းက အစပြုဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးးရာမဟာသင်္ကြန်ပွဲတော်အားစည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သူ(၂၉)ဦးအား ပထမအကြိမ်သီးနှံလျှော်ကြေး သိန်းငါးရာကျော်ပေးအပ်
Apr 03,2024
၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း (၇ ဒဿမ ၆) မိုင်တည်ဆောက်ရာတွင် လိုင်းနှင့်မလွတ်ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေး ငွေကျပ်သိန်းငါးရာကျော်ကို တောင်သူ ၂၉ ဦးထံ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ဘောလုံးနှင့် လက်ဝှေ့အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် (က) အဆင့် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကြက်ခြေနီသင်တန်း ဖွင့်လှစ်
Apr 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကြက်ခြေနီသင်တန်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲ (၁) နာရီက အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9265
Page
9266
Page
9267
Page
9268
Current page
9269
Page
9270
Page
9271
Page
9272
Page
9273
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department