စဉ့်ကူးမြို့နယ်တွင် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်​ကျင်းပ

စဉ့်ကူး  ဧပြီ   ၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲ ပထမနေ့အား မန္တလေးတိုင်းဒေသကြီး၊ ​သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သာသာနာ့ဗိမာန်၌ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှ စတင်၍ ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက ကြီးကြပ်ဆရာတော်များ၊ စာမေးပွဲ ဖြေဆိုကြမည့် စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် စာမေးပွဲအားနေ့လယ် ၁၂ နာရီတွင် ဆက်လက်ကျင်းပရာ ကြီးကြပ်ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

စဉ့်ကူးမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပါဠိပထမပြန် စာမေးပွဲအား ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိ ရက်သတ္တပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ပထမနေ့စာမေးပွဲ၌ ဝိနည်းကျင့်ဝတ်၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဒွေမာတိကာဘာသာရပ်ကို ရဟန်း (၂၂)ပါး၊ သာမဏေ (၃၉)ပါး၊ သီလရှင်(၉)ပါး၊ စုစုပေါင်း (၇၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)