အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  စတင် ထိုးနှံပေးခဲ့သည်။
Apr 06,2024
မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  တာဝန်ရှိသူများ လိုက်ပါကာ ဧပြီ ၄ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ အဆိုပါရုံး အစည်းအဝေးခန်းမ၌  မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ အမှာစကားပြောကြားသည်။
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Apr 06,2024
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ/သားများ စာမတတ်သူပပျောက်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ‌စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်း၍ အခြေခံစာတတ်မြောက်ရေး စာသင်/စာဖတ်ဝိုင်းဖွင့်ပွဲ အခမ်းအနားကို မြို့ဝန်ကုန်း (အ.မ. က)တွင် ဧပြီလ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၈၂/၃) ရှိ တောင်သူဦးထွန်းထွန်းဝင်း၏ ကွင်းအမှတ်(၁၃၅၂) နွေစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၇ နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာနယ်မြေများအလိုက် စာသင်ဝိုင်း ၁၇ ဝိုင်းကို ယနေ့ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသူနိုင်ငံသားများ ပညာရယူရန်ကိရိယာဖြစ်သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် နမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မြောက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းကို အဆိုပါကျောင်းသုံးထပ်ဆောင်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။