မော်လမြိုင် ဧပြီ ၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ ငန်းတေးရပ်ကွက်သို့ သွားရောက်၍ အဆိုပါ စာသင်ဝိုင်း၌ စာတတ်မြောက်ရေးသင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင် လုပ်အားပေး နည်းပြ ၂ ဦး၊ ကြီးကြပ်သူ ၁ဦးနှင့် စာသင်သား ၃၁ ဦးတို့ကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စာသင်ဝိုင်းများအတွက် စာရေးကိရိယာပစ္စည်းများ ပေးအပ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို မော်လမြိုင်မြို့နယ်၌ စာသင်သား ၁၀၂၀ ဦး၊ စာသင်ဝိုင်း ၆၈ ဝိုင်း၊ နည်းပြဆရာမ ၆၈ ဦး ကြီးကြပ်သူ ၇ ဦးဖြင့် ရက်ပေါင်း (၄၀)ကြာ သင်ကြားခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)